Wednesday, April 8, 2015

မျက်​နာမွဲ သစ္စာ


ဟင့်....!
ပန်းပိတောက်လေးတွေ ဘက်ယူ... ရှေ့နေလိုက်မယ့်သူ... ရှိနေမှတော့...
ငုဝါပန်းကလေးတွေ ဘက်...
ပစ်ကာ မထားရက်ပါဘူး… ကွယ်...။

ဒီလို...ဒီလို...
တစ်ကယ်ဆို....
ငုဝါပင်မင်းး အားငယ်ခြင်းက...
အလျဉ်း ရနံ့ မဖြာ ...
ပန်းကမ္ဘာမှာ ... ရှင်သန်ခဲ့ပေမယ့်...
ပန်းဂုဏ်နဲ့မှ...... မစုံမလင် ...
မယုံချင်လေ.... သခင်နေပါ့... နော်.....။

ရွှေအားက ငယ်.....
ပြိုင်မယ်ရယ်.. မထင်လိုက်ပါနဲ့.....
ပိတောက်အလှကိုလည်း…  သိပါရဲ့...
ရနံ့ ဖြာရာမှာလည်း.... မယှဉ်သာခဲ့ ....
ပန်းတို့ရဲ့.. သခင်...
ပန်းဘုရင် ပိတောက်မင်း...
မနာလိုခြင်း ကင်းမဲ့.... စွပ်စွဲရက်ပါနဲ့ သခင်...။

ဒါပေမဲ့… သခင်ရယ် ...
ပန်းဘုရင်လို မမွှေး မလှပေမဲ့...
ယဉ်ရုံကလေးးမျှ.. လှနိုင်တဲ့ ငုဝါ.....
ဒီနွေ ကာလ.. ရောက်ပြီ ဆိုမှဖြင့်...
မပွင့်ရလျှင်… မနေသာ…
တစ်ပင်လုံးဖြာ… ၀ါရောင်လွှမ်းပါလို့..
မိုးရောက်လာဖို့.. အတူမျှော်မော…
အပူတောထဲက… နွေဂိမ္မာန် သရုပ်…
လှပဖို့… အဖေါ် လုပ်ပေးခဲ့ပြန်....။

နန်းဆန်တဲ့… ပိတောက်မာန်ပမာ…
တစ်ရက်တာသာ… လွှမ်းရန် မကြံရက်…
ရာသီကုန်…  ကြင်ဘက် ပြု ရည်…
သစ္စာရတု သီမယ့်… ပန်းငုဝါ မို့…
သခင့် အကြင်နာ… သက်သင့်ပါရဲ့…
ငြိုးပါနဲ့ ကွယ်……။

ထာဝရ "နွေဦးမေ"

အတူနေခဲ့ 
ရင်းနှီးတဲ့အချိန်တွေမှာ
     မျက်လုံးခြင်းသိ
အပြုံး ခြင်းနားလည်
      အချစ်ဆိုတာ
    မပွင့်လင်းခဲ့ဘူးနော်
ချစ်စိတ်တားဆီး  ချူပ်တည်းခံစား
         ရက် /လ/နာရီ  
      ရာသီတွေ ပြောင်း
    ဝေးသွားမှ ပြန်တွေး
ဟို   ---  တစ်ချိန်ဘဝ လေးကို
    မြင်ယောင်တမ်းတမိပေမဲ့
       ခု   တော့ --------
ဝေးသင့်လို့  --- ဝေးခဲ့ကြပြီပဲ 

                                            Lay Nyoe Shin

**"ငယ်က္ဈမ်းဆက်ရာ ပန်းတမာ"**

လက်ပံပွင့်တွေ…
ကြွေ နေခဲ့ပြီ မောင်…
ရွာအဝင် မယ်ဇယ်တန်း နဲ့....
တမာပန်းကလေးကို…
လွမ်းတယ် မောင်ရယ်…။

မြစ်ဧရာ အနောက်ခြမ်းးက
တမာပန်းလေးတွေ ဝေရာမြေတွင်…
ရွှေရင်သိမ်းးသစ် ပျိုမျစ်ကာလ
ငယ်ဘဝထူးး အချစ်ဦးးဖြစ်…
အချစ်ပိုကာ ကျွမ်းဝင်ရာမြေ
မေ လွမ်းနေတယ် မောင်…။

ငယ်က ချစ်ဦး မေ့သက်မှူးရေ…
ချစ်စဝေဖြာ မြစ်ဧရာအနောက်ကမ်း
ပိတောက်ပန်းလေးတွေ မဝေတဲ့ မြေ…၊
သင်္ကြန်ရေ ကြိုချိန်လေးမှာ
မောင်ခူးပေးခဲ့ ပန်းတမာ…
ပွင့်ဖြူဝတ်လွှာ ရနံ့ဖြာသင်း…
မြတ်နိုးးခြင်းးဖြင့် ပန်ခဲ့ရဖူး
အဖြစ်ထူးဖြင့် အလွမ်းသင့် နွေ…။

ဂိမ္မာန်ရာသီ အလီလီရွေ့
မမေ့စတမ်း ငယ်က္ဈမ်းချစ်ဦး
ပန်ပေးဖူးလာ ပန်းတမာအား…
နွေခါသင်္ကြန် မေလွမ်းကျန်သား
ဘဝခြားစေ မေ့မနေရက်…၊
မောင်ခွဲထွက်ရာ ကမ္ဘာမိုးအောက်
ပိတောက်ပွင့်ဖြာ… ရွှန်းတင့်ပါငြား…
တမာပန်းလေးအား ……
ပြန်တမ်းတနေ… နွေဦးမေ ရှင့်……။

ထာဝရ "နွေဦးမေ"

Saturday, April 4, 2015

ခေတ်​၏​တောင်းဆိုချက်

မန်မာမလေးတွေ… ယဉ်ကျေးပါစေ ….
လှစ်ဖေါ်နေတာ.. သိပ်ရိုင်းပေမဲ့..
လုံခြုံတိုင်းလည်း .. အဆင် မပြေဘူး...
ခေတ်အနေ…  ခေတ်အခြေ အရ....
ရတု ရေ.. လို့.. တိုင်တည်ချင်သေး.......။

ရှေး ရှေး အခါ... က....
မြန်မာ့ .. မြန်မာ သွေး….
ယဉ်ကျေးမှု ထိန်းကာ… ထိုင်မသိမ်း တောင်ရှည်….
ဗိုင်းကောင်းအောင်လို့ ... ကျောက်နဲ့. ဖိတယ်...
လုံခြုံအောင်လို့.. အိမ်တွင်း ပုန်းကွယ်....။

ခု အခြေ.. ခု အနေ အရ....
ကမ္ဘာနဲ့.. ယှဉ်.. ရင်ဘောင် တန်းတယ်...
မြန်မာမကလေး.... တွေ... ငွေ ရှာ ၀န်ထမ်း...
ဒီလိုလေးမှ.. မပင်ပန်းခဲ့ရင်...
မိသားစုဝင်… မိဘတို့မှာ...
ထမင်း ၀ဖို့ရန်... ခက်ပြန်တဲ့ အခြေ...။

ယောကျာင်္းတွေနဲ့…  ရင်ဘောင်တန်း အနေ...
ကုဋေ သန်း တန်တဲ့ .. ခြေလှမ်းဟန်....
ကမ္ဘာ အသင်္ချေမှာ.. ကျန်ခဲ့ပါသည်...
ရတု ယုံကြည်… နားလည် ခွင့်လွှတ်…
လွတ်လပ်ရုံတော့…. ၀တ်ပါရစေ….
လော်လီမနေရင်… ကျေနပ်ပါတော့..…။

ထာဝရ "နွေဦးမေ"

Saturday, March 28, 2015

***​နွေစခန်း***


အတာကူးစေဖို့
မြအဖူးတို့ရွှေစင်ဖြာ့

ခိုးလျှပ်ကြွယ်နွေဝင်သွားသည်မို့
မိုးနတ်မယ်ကြွေဝင်စားသူတို့
ရေသဘင်ကစားပါတဲ့ သည်ချိန်ခါ့

အတိမ်းအနွဲ့တွေနဲ့
ယိမ်းဖွဲ့ကာကိုယ်စီမြူးရှာကြ
အို့ကြည်နူးစရာပါ့ နွေကဗျာ
ရေအတာစိမ့်စမ့်း့

သင်္ကြန်ဒိုးတွေလည်း
မြန်ရိုးရာတစ်ခါသိမ့်ရင်ဖြင့်
စံထိုးကာ ကမ္ဘာဖိမ့်အောင်ပေါ့
လျှံဖြိုးကာ ၀ဠာခြိမ့်တယ်ကွယ်
ငြိမ့်တဲ့နွေစခန့်း့

                                  Tharr Zaw

Friday, March 27, 2015

ကောင်မလေးရေ---
    တွေ့နေကြမို့ မေ့မရတဲ့
       မင်းမျက်နှာလေးရယ် - -
          ကြားနေ ကြမို့ နားရည် ၀ နေတဲ့
             မင်းအသံလေးတွေ ရယ်
                   ဒီအချိန်မှာ --
                        အရမ်းသိပ်လွမ်းတယ် ---

Wednesday, March 25, 2015

ကွေ့ကွင်းခြင်း

မြင်ယုံနဲ့လွမ်း
အမြဲတမ်းတော့လေ
ငိုမနေပါရစေနဲ့
ချန်လည်းလွမ်း
ကျန်လည်းလွမ်းလို့
တစ်ချိန်ကပုံရိပ်တွေ
နေရာတကျထား
ခဏလေးများဖြစ်ဖြစ်
ပြန်ဆုံခွင့်ရချင်မိတာလေ
အခိုင်အမာ ထား
တို့နှစ်ယေက်ရဲ့ကြားက
ငါနင့်ကိုချစ်သမျှနဲ့
တင်းထားတဲ့သံယောဇဉ်တွေ
ရုပ်သိမ်းခံခဲ့ရတဲ့နေ့ကစ
ငါလည်းတစ်နေ့မှမပျော်
နင်လည်းငိုလို့မဆုံး
မုန်းလို့လို့လည်းမဟုတ်ခဲ့
ချစ်လျှက်နဲ့လေ
ကွေကွင်းရသူတွေအဖြစ်
ရင်နစ်ခဲ့ရဇာတ်လမ်း
ငါတို့အတွက်ကြမ်းတမ်းလို့
မစာနာတတ်တဲ့အသိုင်းအဝိုင်းနဲ့
ရိုင်းစိုင်းတဲ့ကံကြမ္မာရေ
ငိုမနေတော့ပါဘူး
ပြန်ဆုံခွင့်မရှိပေမယ့်
ရင်ထဲကချစ်ခြင်းတွေ
ဘယ်လိုတွေရုပ်သိမ်းမလဲ
အမြဲလိုလိုသတိရ
ငါတို့မေ့မရလေသမျှ
ဆုံနေကျနေရာဆိုတာ
အမြဲအမှတ်တရမို့
အဝေးကချစ်သူရေ
ပျော်အောင်သာနေလို့
နင်ငါ့ကိုမေ့နိုင်ပါစေတော့လေ........

             ချစ်နေကြပါလျှက်
       ကွေကွင်းရသူတွေအတွက်
            ခံစားချက်ဆိုတာလေ
     မျက်ဝန်းတွေကိုမိုးရာသီပြောင်း
    နာရီဟောင်းတွေအားလုံးအတွက်
          မမေ့ရက်တဲ့ဒဏ်ရာပါလေ.........
               
  အစဉ်လေးစားလျှက်
                       
            Chit......

မေတ္တာနယ်​လွန်

ကောင်မလေးရေ
တွေ့လျှက်ကြုံလျှက်နဲ့
ဆုံရက်ခွဲခွာ မလွှဲသာလို့
အသည်းမမာ  အမြဲငါလေ
မလှမ်းသာ  အလှမ်းကွာဝေးက
တမ်းတငေး မှန်းဆအတွေးဝေ
ကြွေလည်းကြွေ ဖြေလည်းမပြေ
နွေထဲကနွေ ရင်ထဲကနွေပါလေ.........

ကောင်မလေးရေ
ကိလေသာမီး ပူလွန်းကြီးလည်း
ပိုးဖလံပမာ မီးကိုသာယာလို့
ခန္ဒာလောင်ကျွမ်း ဇာတ်သိမ်းခန်းလည်း
ခပ်နွမ်းနွမ်းပဲ အပြီးသတ်လို့
လည်ပြန်ကာငေး အကြည့်ကလေးနဲ့
ရွှေရင်ခဏလေး အေးပါရစေလေ.........

ကောင်မလေးရေ
ဒီမြေပေါ်ကြီး လူချင်းနီးလည်း
ဒီလေကိုရူ အတူတူမို့
သည်ကောင်းကင်အောက်
တို့နှစ်ယောက်လေ
လူချင်းနီးကပ် အသည်းမထပ်လို့
နှစ်လွှာတစ်ရွက် စွယ်တော်ရွက်တော့
ဒီဘဝတွက်ရယ် ဝေးပြီလေ..........

ကောင်မလေးရေ
မငြိမ်းသောမီး ဘဝကြီးနဲ့
နောင်ခါဘဝ မကြုံပါရစေ
မေတ္တာပန်းဆက် လက်ကမ်းလျှက်
ညိုးရော်နွမ်းကြွေ မေတ္တာတွေလေ
နွေနေပူထဲ ပန်းတွေကြဲသလို
စက္ကန့်မလပ် ချစ်တတ်ခဲ့လည်း
တစ်ဖတ်သတ်ရာဇဝင် တွင်ပြီလေ.........

ကောင်မလေးရေ
ကိုယ်ကချစ်ရ ချစ်မဝလည်း
ချစ်ရသူသာ အပူဖြာလို့
မဟူရာနှလုံး လှောင်ပြုံးများနဲ့
နင်ပေးသနား မညှာအားလည်း
ရင်ဝယ်ပိုက်ထွေး နင်ပေးသမျှ
တန်ဖိုးထားမယ့် ငါပါလေ.........

ကောင်မလေးရေ
ကိုယ်ကချစ်တော့ အနှစ်များစွာ
ရင်မှာမမေ့ မတွေ့သော်လည်း
သူပုံရိပ်လွှာ မြင်လွှာစွဲမြဲ
အမြဲထင်ဟပ် မှတ်မှတ်ရရ
မမေ့ရက်ရှာသည် ကဗျာရှည်ပြီ
သည်တွင်တစ်ဖြတ် နားတော့မည်

                            ကြိုးစားရေးသား
                             ကဗျာများဝယ်
                             စာချိုးမတတ်
                             အမှားဖက်လည်း
                              စိတ်လက်ကြည်သာ
                              ခွင့်လွှတ်ပါလို့
                              တလေးတစား
                              တောင်းပန်ပါသည်
                   ခွင့်လွှတ်ကြဖို့ မျှော်မိသည်

                                       Chit.....
                                                    Lay.....
                                  Maung..........

Tuesday, March 24, 2015

★“သံသရာ သစ္စာ"♪♫

ပင်လယ်…
ကျယ်တယ်ဆိုတဲ့… ဂုဏ်အင်နဲ့…
ဆုံးစ မရှိဘူး ထင်ရပေမယ့် …
အနားသပ် ကမ်းစပ်ကတော့.. ရှိနေခဲ့တယ်..၊
ဘ၀…
ရှည်လွန်းတယ်.. ဆိုတဲ့ အမြင်…
လျှောက်ရတာ.. ပင်ပန်းတယ် ထင်ရပေမဲ့…
ဇာတိ နဲ့ စ.. မရဏ မှာ.. အဆုံးသတ်ပါတယ်...။

ပင်လယ်…
“သင်ဖျာ”ကလေး ခင်းထားသလို…
လှိုင်းကြက်ခွပ်တို့… တစ်ငြိမ့်ငြိမ့်နဲ့…
သိမ့်သိမ့်ကလေး သာယာနေတတ်တယ်..၊
ဘ၀…
လိုအင် ဆန္ဒ မှန်သမျှ.. ရရှိ….
ငြိမ်းချမ်းခြင်း အတိပြီး…
ပျော်ရွှင်ခြင်း အပြည့်နဲ့.. ချမ်းမြေ့နေတတ်တယ်..။

ပင်လယ်…
ကြမ်းတမ်းတဲ့.. လှိုင်းတံပိုးထန်…
ဝုန်းဒိုင်းဆန်ခတ်လို့… တွေ့သမျှ ၀ါးမြို….
ဘေးဆိုးတွေ… ပိုစေတတ်တယ်…၊
ဘ၀….
ကြမ္မာက ရိုင်း… ကံက ခိုင်းလို့…
မုန်တိုင်း ဆင်သလို.. ငိုရတဲ့ နေ့တွေ …
လောကဓံ စေ … သောက ပွေတတ်တယ်…။

ပင်လယ်….
ဘယ်လောက် ကျယ်ကျယ် .. ဘယ်လို ရိုင်းရိုင်း …
ဖမ်းစားနိုင်တဲ့ ဂုဏ်အင် တစ်ကြိမ်မြင်ရုံနဲ့…
မခွဲချင်အောင်.. ခင်တွယ်စေတတ်တယ်...၊
ဘ၀….
ဘယ်လောက် ရှည်ရှည်.. ဘယ်လို ကြမ်းကြမ်း….
လျှောက်လှမ်းရတာ.. ပင်ပန်းပါစေ…
ထူးချင်လဲ ထူး… ရူးရင် ရူးစေ့….
မေ့မေ့မူးမူး.. အထူး တပ်မက်…
ရှင်သန်သက်တော့.. ရှည်ချင်ကြသည် ..။

ဘ၀ ပင်လယ်…
ကျင်လည်တဲ့ အခါ….
ဓန ဒါန..  သီလ ဘာဝနာ….
ဘယ်အရာ… ရရ…. ဘ၀ သမ္ပဇာဉ် ….
တပ်မက် နွယ်ငင်.. ငြိတွယ် လွယ်သော …
ကာမဇောဖြာ… သံသရာ သစ္စာ…..။

ထာဝရ "နွေဦးမေ"
★“တော်မ၀င်ပန်း”♪♫

ရနံ့ မကူး …
အလှထူးကျော်…
ပန်းတော်ဝင် မဖြစ်ခဲ့သော်မှ…
ပန်းဘ၀ကိုတော့.. ရခဲ့တယ်…။

အပွင့်ရယ်ဝါ….
အညှာခိုင် ဒီပန်း….
ခါသင်္ကြန် မတိုင်ခင် ချိန်ကတည်းက…
ဝါထိန်ကာ... လန်းခဲ့တယ်….။

ကြွေရန်မလွယ်…
လေပြေ၀ယ်နွဲ့…
ရနံ့မဲ့ အလှနဲ့…
သင်္ကြန် သရုပ်တော့…  ပြခဲ့တယ်….။

နှိုင်းမယှဉ်သာ..
ရနံ့မှာ ငယ်….
ဂုဏ်မထယ်ပေမယ့်….
သင်္ကြန်ဝယ် အလှဆင်…
တစ်လလုံးတော့.. မြင်နိုင်တယ်…။

ထာဝရ "နွေဦးမေ"
poemcreazy.blogspot.com

နင့်အတွက်ငါ
**********
ချစ်သလို
ကြိုက်သလို
ကြင်နာသလို
မာယာတွေနင်ပို
အလိမ္မာနင်သုံး
စကားလုံးလှလှ
အသုံးချတတ်သူနင်
ယုံလွယ်သူကငါ
မာယာကိုချိုမြိန်
အလိမ်အညာကိုယုံစား
အချစ်ငတ်သူမို့လားမသိ
မုသားကို သကာထင်
ထာဝစဉ်တပ်မက်
အချစ်ကိုဖက်တွယ်
ကိုးကွယ်တတ်သူရယ်မို့
အချစ်ကိုနားလည်
သနားစဖွယ်အသွင်နဲ့
နင့်ဘေးမှာရှိနေခဲ့တာ
ငါ့အတွက်နင်မဖြစ်တဲ့
နင့်အတွက်ငါပါလေ
မာယာတွေချွေ........

              Chit...

Monday, March 23, 2015

နွေဦးရင်ခုန်သံ
------------

ပိတောက်တစ်ခက်နဲ့
ယောက်ယက်ခတ်ဖူးတဲ့ ငါ့ရင်ခုန်သံ
မွေးပျံ့တဲ့ရနံ့နဲ့ကျီစယ်
လှိုက်ဖို လို့ ယစ်မူးခဲ့ဖူးတယ်
ပိတောက်ရယ်

ပိတောက်မဝေတဲ့
ချယ်ရီမြေမှာ
မြေပြန့် ကပိတောက်တစ်ခက်
ပန်ဆင်ရန်အတွက်
မပွင့်သေးတဲ့နွေဦးမှာတောင်
ကျိတ်ပီရူးနေခဲ့မိတယ်  မောင်"

ပိတောက်ပွင့်ချိန်အမှီ
လာခဲ့ချင်ပါသည်
မြေပြန့် သားလေး
မောင့်  ရင်ခွင်ဆီ
မောင် " ခူးပေးမယ့်
ပိတောက်ဖူးလေးအတွက်
ရင်ခုန်ယစ်မူးနေတဲ့
တောင်ပေါ်သူလေးးးးမေ့ရဲ့စိတ်ကူးး

#မင်းကဗျာချို#
အိမ်ကလေး
***********
တံစက်မြိတ်အောက်
အထစ်ပျောက် လှေခါး
ငါ အသားကျနေပါပြီ ...........

ခြေဖဝါးအောက်မှာ
မညီညာတဲ့ ကြမ်းခင်း
ခြေနင်းမရှိတဲ့ ဖိနပ်ချွတ်
ချွတ်နေကျအတိုင်း ချွတ်လို့
ငါ အသားကျနေပြီလေ ..............

နွေနေ ပြင်းပြင်း
နေ့ခင်းဘက်တောင်
ကြယ်တွေ စုံညီနေလျှက်
ခေါင်းအထက်က အိမ်ခေါင်မိုး
မရိုးတဲ့ ပန်းချီအဖြစ်
ရင်မှာ အမြစ်တွယ်နေသမျှ
ငါ အသားကျနေခဲ့ပြီလေ ...............

မျက်လုံးအဝှေ့
မြင်တွေ့သမျှ
ကျဲတဲတဲ ဝါးထရံနဲ့
အခင်းမရှိတဲ့ ငါ့အိပ်ယာ
ကျောတစ်ခင်းစာ နေရာယူ
ခြုံလွှာ ဖျင်စောင် ကူလို့
နေထွက်သည်အထိ ငါ
ဒီလို အိပ်ယာနဲ့လည်း
ငါ အသားကျနေခဲ့ပြီလေ ................

သည်နေအိမ် တစ်မိုးအောက်
လူအဖြစ်နဲ့ ရောက်ကတည်းက
အရာရာ နေသားကျလို့
တိုက်တာနဲ့ ကွန်ဒိုတွေ
ငါ မြင်နေပေမယ့်လေ
ဘယ်လိုတွေ ဆင်ယင်ထား
ငါ စိတ်မဝင်စားနိုင်ခဲ့
ငါ့အိမ်လေး သာယာဖို့တွေး
မိသားစုလေး ကြားတွင်
အပြုံးလေးတွေ ဝေလွင်
ပျော်ရွှင်စွာ နူတ်ဆက်လို့
အမေ့ကို ကန်တော့ကြရင်း
အိပ်ယာပေါ် ကျောခင်းလို့
အိမ်မက်မှာ ပြင်ဆင်ဦးမည်
ငါနေတဲ့ အိမ်ကလေးကို ရည်
ပျော်ရွှင်စွာ အိပ်စက်မည် ..................
.....................................
©©©©©©©©©©©©©©©©©©©©©©©©©©
                   အစဉ် လေးစားလျှက်ပါ
                 
Chit......
♫♫ ကဗျာနေ့ မှာ... ချစ်သော ကဗျာလေးများ အကြားမှ....
ကဗျာ ရေးးသူ... သူငယ်ချင်းလေးများ...
ကဗျာ အားပေးသူ... သူငယ်ချင်းလေးများအတွက်...
ကဗျာ ကမ္ဘာကလေးအတွက်... အမှတ်တရ ...! ♫♫♫

★" ကဗျာ (သို့) ရင်ဖွင့်သူ"♪♫

ကဗျာဟာ.. ငါလား…

ငါဟာ.. ကဗျာလား…

ခွဲခြားဖို့ ခက်လှပေမဲ့ ….

ငါ ပျော်ရွှင်တဲ့အခါ…

ငါ့ အဖေါ်ဟာ.. ကဗျာ….

ငါ စိတ်ညစ်တဲ့ အခါ…

ဖေးမပေးတာ.. ကဗျာ…

ကဗျာတွေနဲ့.. ထုဆစ်..

ငါဟာ.. လူ ဖြစ်ခဲ့တယ်….။

စကားလုံးလေးတွေ.. လှချင် လှမယ်….

ဒါဟာ.. ကဗျာ ဖြစ်တယ်….၊

ကာရံလေးတွေ.. နွဲ့ချင် နွဲ့မယ်…

ဒါဟာ.. ကဗျာ ဖြစ်တယ်…၊

အရေးအသားတွေ.. ထန်ချင် ထန်မယ်…

ဒါဟာ .. ကဗျာ ဖြစ်တယ်…။

ကဗျာတွေကို…

ငါက ဖန်ဆင်းတာ မဟုတ်…

ကဗျာတွေကသာ.. ငါ့ကို ဖန်ဆင်းပါတယ်….၊

ကဗျာတွေက..

ပုံဖေါ်ထားတဲ့… ငါ့ အဇ္ဇျ တ္တ…

ကဗျာတွေ ကြားမှ.. ငါ့ကို ရှာတွေ့နိုင်မှာပါ….။

ရင်တွင်း အပြုံး..

နှလုံးက မျက်ရည်…

အထိရောက်ဆုံး.. စကားလုံးလေးတွေနဲ့…

ရေးခြယ်နိုင်တာ.. ကဗျာ….၊

အပူမိသမျှ..

လူသိအောင် ပြ…

ရေးသီ ချ နိုင်တာ.. ကဗျာ….။

ငါ့ ကဗျာတွေမှာ….

ရယ်မောသံစဉ်.. ပါချင် ပါမယ်…

ငိုကြွေး သံစဉ်.. ဖြစ်ချင် ဖြစ်မယ်…၊

ဘာတွေပဲ… ဖြစ်နေပါစေ….

ငါဟာ… ကဗျာ ဖြစ်သလို…

ကဗျာဟာ… ငါ ဖြစ်တယ်….၊

ကဗျာတွေနဲ့… ထုဆစ်…

ငါဟာ.. လူဖြစ်ခဲ့တယ်….။

ထာဝရ "နွေဦးမေ"

Sunday, March 22, 2015

မင်္ဂလာပါ ခင်​ဗျာ
ကဗျာချစ်​သူများအတွက်​ ဝါသနာနဲ့ဖက်​တွယ်
တင်​ဆက်​ချင်​တဲ့သူ​တွေရယ်​ စု​ဝေး​ပေါင်းဖက်
အရာရာအတွက်​​လေ ကဗျာ​တွေသီဖွဲ့
တင်​ဆက်​မယ်​ website ​လေးပါ
ကြိုဆိုပါတယ်​ခင်​ဗျာ